Read the Beforeitsnews.com story here. Advertise at Before It's News here.
Profile image
By Center for a Stateless Society
Contributor profile | More stories
Story Views
Now:
Last hour:
Last 24 hours:
Total:

“လူတိုင်းအတွက် အခြေခံ အများသုံးဝင်ငွေ သဘောတရား” သည် စီးပွားရေးလွတ်လပ်ခွင့်နှင့် လူမှုရေးတရားမျှတမှုကို ဖန်တီးနိုင်သည်

% of readers think this story is Fact. Add your two cents.


By Vishal Wilde. Original: A UBI Can Create Economic Freedom And Social Justice, published on April 20, 2017. Translated into Burmese by Hein Htet Kyaw.

Universal Basic Income (လူတိုင်းအတွက် အခြေခံ အများသုံးဝင်ငွေ သဘောတရား) အကြောင်း ပြောဆိုနေကြသူများ ပိုများလာသောကြောင့် လွတ်လပ်မှုနှင့် တရားမျှတမှုကို ပံ့ပိုးပေးခြင်း ရှိ၊ မရှိ စဉ်းစားရန် အရေးကြီးပါသည်။ မတူညီသော နိုင်ငံရေးအမြင်များမှ လူများသည် UBI အား ဇော်ဂျီဆေးသဖွယ် အမွှန်းတင်ကြသော်လည်း သူ့တွင်လည်း ငြင်းခုံစရာ ပြဿနာကြီးကြီးမားမားရှိသည်။ စာရေးသူသည် UBI အား  သဘောတူရန် ပြင်းပြင်းထန်ထန်ငြင်းဆန်ခဲ့ဖူးသော်လည်း ယခုအခါ UBI oည် စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေး လွတ်လပ်ခွင့်တို့နှင့်ပတ်သတ်လျှင် ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည်ဟု ယုံကြည်မိသည်။

အလုပ်သမားဈေးကွက်မှ လွတ်လပ်မှုရရှိခြင်း

လူများအနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင်လုပ်ခလစာသတ်မှတ်ခွင့်၊ ညှိနှိုင်းခွင့်နှင့် အလုပ်ပြောင်းပိုင်ခွင့်တို့ရှိသည့် အလုပ်သမားများအကြောင်း မကြာခဏပြောလေ့ရှိသော်လည်း အလုပ်အကိုင်ဈေးကွက်မှ လုံးဝထွက်ခွာရန် ၎င်းတို့၏လွတ်လပ်မှုနှင့်ပတ်သက်လျှင် ဆွေးနွေးမှုမှာ နည်းပါးလှသည်။ အလုပ်လုပ်ခွင့်မှာ တွေးသင့်သည်မှန်သော်လည်း၊ ရှင်သန်ရေးအတွက် စနစ်အတွင်း ပိတ်မမိနေဖို့ အခွင့်အရေးမှာလည်း စဉ်းစားသင့်သော အချက်ဖြစ်သည်။ ဓနရှင်များကိုသာ အဓိကအကျိုးပြုသော လုပ်ငန်းခွင်များတွင် လူများကို အဘယ်ကြောင့် အတင်းအကြပ် ခိုင်းစေရမည်နည်း? အသိအမှတ်ပြုခံရခြင်းတို့ ကင်းဝေးသော (ဝါ) ဆုလာဘ်တို့မရှိသော သမားရိုးကျ အခကြေးငွေရသည့် လခစားအလုပ်များအပြင် အခြားအရေးကြီးသော အလုပ်များစွာ ရှိပါသည်။ လူ့အဖွဲ့အစည်းတွင် နေထိုင်ရန် မည်သူမျှ အတင်းအကြပ် ခိုင်းစေခြင်း မပြုဟု အချို့က စောဒကတက်ကြသော်လည်း လက်တွေ့တွင် ကျွန်ုပ်တို့သည် အလုပ်မလုပ်လျှင် မရှင်သန်နိုင်သော လူ့အဖွဲ့အစည်းအတွင်း မွေးဖွားလာကာ ၎င်းကို မှီခိုအားထားရပြီး ၎င်းမှ လွတ်မြောက်ရန်မှာ မယုံနိုင်လောက်အောင် ခက်ခဲသည်။

ဤသဘောအရ C4SS ရှိ Chris Shaw ၏ အောက်ပါတင်ပြချက်ကို ကျွန်ုပ်သဘောတူပါသည်။

Universal Basic Income (UBI) သည် အလကားရသော ငွေသက်သက်မျှသာဟု လူအချို့က ထင်မြင်ကြသော်လည်း ထိုအမြင်သည် ကျွန်ုပ်တို့၏စီးပွားရေး အမှန်တကယ်အလုပ်လုပ်ပုံကို နားလည်မှုလွဲနေသည်ဟု ဆိုချင်သည်။ စျေးကွက်များစွာသည် အမှန်တကယ် မလွတ်လပ်ကြ။ ၎င်းစျေးကွက်များအား အချို့သောအုပ်စုများမှ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် ခြယ်လှယ်ထားသည်။ UBI သည်  စီးပွားရေးလုပ်ငန်းများနှင့် အခွင့်အလမ်းများကို အစိုးရ၏ ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ ပိုမိုလွတ်လပ်စွာ ဖန်တီးပေးခြင်းဖြင့် အလုပ်သမားများနှင့် စွန့်ဦးတီထွင်သူများကို ကူညီပေးနိုင်ပါသည်။ ပိုမိုလွတ်လပ်ပြီး တရားမျှတသော စီးပွားရေးဆီသို့ ခြေလှမ်းတစ်ခု ဖြစ်လာမည်ဖြစ်သည်။

မိမိကျွမ်းကျင်ရာ အလုပ်ခွဲခြားလုပ်ကိုင်ခြင်းအား ဆန့်ကျင်ခြင်း

Karl Marx နှင့် ပိုမိုသဘောတူသည်ဖြစ်စေ၊ Adam Smith နှင့် ပိုမိုသဘောတူသည်ဖြစ်စေ ရှင်းရှင်းလင်းလင်း သိရမည့် အချက်မှာ ခေတ်မီစီးပွားရေးများသည် အလုပ်အား အထူးပြုအခန်းကဏ္ဍများအဖြစ် ပိုင်းခြားခြင်းအပေါ် ကြီးကြီးမားမားမှီခိုနေရပါသည်။ လူ့အဖွဲ့အစည်းတိုင်းနီးပါးတွင် လူများကို အသက်မွေးဝမ်းကြောင်းပြုရန်အတွက် သီးခြားအလုပ်များနှင့် စက်မှုလုပ်ငန်းများကို အာရုံစိုက်ရန် (မကြာခဏ လိုအပ်သည်) ဟု တိုက်တွန်း အားပေးကြသည်။

အကယ်၍ ကျွန်ုပ်တို့သည် သီးခြားအလုပ်တစ်ခုကို အာရုံစိုက်ပြီး မြင့်မားသောအဆင့်တွင် မလုပ်ဆောင်ပါပဲ ရွက်ကြမ်းရေကျိုမျှဖြင့်  စနစ်၏ တစ်စိတ်တစ်ပိုင်းဖြစ်လာပါက ကျွန်ုပ်တို့သည် အခြားသူများထက် ဝင်ငွေနည်းနိုင်သည် (ခြွင်းချက်အချို့ရှိသော်လည်း)။ Universal Basic Income (UBI) ဖြင့် လူများသည် မိမိကျွမ်းကျင်ရာ အလုပ်ခွဲခြားလုပ်ကိုင်ရန်အတွက်သာ ရှင်သန်ရသည် မဟုတ်တော့ပါပဲ ၊ ၎င်းသည် Karl Marx မှ alienation ဟု သုံးနှုန်းခေါ်ဝေါ်ခဲ့သော “ကင်းကွားခြင်း”  (အလုပ်နှင့် ဘဝနှင့် အဆက်ပြတ်သွားသည့် ခံစားချက်ကို) များစွာ လျှော့ချနိုင်မည်ဖြစ်သည်။

ဆန်းသစ်တီထွင်မှု၊ စွန့်ဦးတီထွင်မှုနှင့် အသိပညာ-မျိုးဆက်

လူများစွာသည် ၎င်းတို့၏ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို စတင်ရန် သို့မဟုတ် ထုတ်ကုန်အသစ်များဖန်တီးရန် အာရုံမစိုက်သည်မှာ အသက်မွေးဝမ်းကျောင်းပြုရန်အတွက် အချိန်ပြည့်အလုပ်လုပ်နေကြရသောကြောင့်ဖြစ်သည်။ သူတို့၏ လုပ်ငန်းခွင်အတွင်း ကြိုးစားအားထုတ်ရမှုကြောင့် ၎င်းတို့၏ ဆန်းသစ်တီထွင်မှု၊ စွန့်ဦးတီထွင်မှုနှင့် အသိပညာစွမ်းအင်တို့ ကျဆင်းလာကြပြီး တီထွင်ဖန်တီးတွေးမှုတို့ အတွက် ခက်ခဲမှုဖြစ်ပေါ်စေပါသည်။ Universal Basic Income (UBI) ဖြင့် လူများသည် ရှင်သန်မှု၏ ဖိစီးမှုမရှိဘဲ စွန့်ဦးတီထွင်မှုကို စူးစမ်းလေ့လာနိုင်စေကာ ပိုမိုသက်တောင့်သက်သာရှိပြီး ဆန်းသစ်သောအလုပ်ပတ်ဝန်းကျင်ကို ရရှိစေမည်ဖြစ်သည်။

Universal Basic Income (UBI) သည် တန်ဖိုးကြီးပြီး အကုန်အကျများသည်ဟု လူအချို့က ပြောကြသည်။ ဘောဂဗေဒတွင် ထုတ်လုပ်မှု၏ အဓိက အစိတ်အပိုင်း လေးခုမှာ မြေယာ၊ ငွေ၊ စီးပွားရေး ဖန်တီးမှုနှင့် အလုပ်ဖြစ်သည်။ မြေယာ၊ ငွေနှင့် အလုပ်သမားတို့သည် အခြားဖြေရှင်းနည်းများ လိုအပ်နေသော်လည်း UBI သည် လူများကို စီးပွားရေးလုပ်ငန်းစတင်ရန် အခွင့်အလမ်းပိုပေးကာ ၎င်းတို့ကို ငွေပိုရရန် ကူညီပေးသည်။ ဝင်ငွေများ တိုးလာသည်နှင့်အမျှ ရန်ပုံငွေများ ပိုများလာကာ UBI ကို ပံ့ပိုးပေးနိုင်ပြီး လူများသည် ဆင်းရဲမွဲတေမှုမှ လွတ်မြောက်ကာ လူနေမှုအဆင့်အတန်းများ ဆက်လက်တိုးတက်နေသည့် သံသရာကို ဖန်တီးနိုင်မည်ဖြစ်သည်။

လူတို့ အသိပညာအသစ်များအား ဖန်တီး၊ မြှင့်တင်ပြီး အသုံးချသည့်အခါ ဆန်းသစ်တီထွင်မှုတို့ ဖြစ်ပေါ်လာကြသည်။ ယခုအချိန်တွင် အရေးကြီးဆုံး သုတေသနကို တက္ကသိုလ်များ သို့မဟုတ် ကုမ္ပဏီကြီးများတွင် ပြုလုပ်ရခြင်းမှာ ၎င်းတို့တွင် အန္တရာယ်များသော ပရောဂျက်များကို ပံ့ပိုးရန် ငွေရှိသောကြောင့် ဖြစ်သည်။ ပုံမှန်လူများသည် စူးစမ်းလိုစိတ် သို့မဟုတ် လက်တွေ့အသုံးချမှုအတွက် စိတ်ကူးသစ်များရှာဖွေရန် အပြည့်အဝအာရုံစိုက်နိုင်မည်မဟုတ်သည်မှာ ၎င်းတို့သည် အသက်မွေးဝမ်းကျောင်းပြုရန် လုပ်ဆောင်ရသောကြောင့်ဖြစ်သည်။

သုတေသနအဖွဲ့အစည်းများတွင်ပင် ရန်ပုံငွေနှင့် ထောက်ပံ့ကြေးများကို ဆွဲဆောင်သည့် လေ့လာမှုများကိုသာ ရာထူးတိုးခြင်း သို့မဟုတ် ရာထူးသက်တမ်းဖြင့် ဆုချီးမြှင့်သည်။ သုတေသီများသည် ငွေကြေးယူဆောင်လာသည့် အကြောင်းအရာများကို အာရုံစိုက်ရမည်ဖြစ်သောကြောင့် ဤစနစ်သည် စစ်မှန်သော ဉာဏလွတ်လပ်ခွင့်ကို ကန့်သတ်ထားသည်။ ရလဒ်အနေဖြင့် အထက်တန်းစားအဖွဲ့အစည်းငယ်တစ်စုသည် လူသားအသိပညာများစွာကို ထိန်းချုပ်ထားသည်။ Universal Basic Income (UBI) သည် လူသားများ၏ နားလည်မှုကို စူးစမ်းချဲ့ထွင်ရန် တက္ကသိုလ်ကြီးများ သို့မဟုတ် ကော်ပိုရေးရှင်းကြီးများတွင်သာမက လူတိုင်းလူတိုင်း၏ နေ့စဥ်ဘဝတွင်ပင် လူသားများ၏ နားလည်မှုကို စူးစမ်းချဲ့ထွင်ရန် လွတ်လပ်မှုကို ပေးစွမ်းမည်ဖြစ်သည်။

လူ့အဖွဲ့အစည်းရှိ ‘မိသားစုယူနစ် (နျူကလီးယားမိသားစု)’ ၏ အမြစ်တွယ်နေသော အထူးအခွင့်အရေးကို စိန်ခေါ်ခြင်း

“မိသားစု” တွေကို ဖယ်ရှားဖို့ ခေါ်ဆိုမှုတစ်ခုဟု ထင်ရသော်ငြား ၎င်းမှာ ကျွန်ုပ်၏ ဆိုလိုရင်းမဟုတ်ပါ။ ကျွန်ုပ်၏ ဆိုလိုရင်းမှာ The Republic တွင် ပလေတိုနှင့် ဆိုကရေးတီးတို့ ဆိုလိုခဲ့ကြသလို လူများတွင် မိသားစုနှောင်ကြိုးမရှိ၍ ရပ်ရွာအပေါ်သာ သစ္စာစောင့်သိသော လူ့အဖွဲ့အစည်းကို စိတ်ကူးကြည့်ခဲ့ကြသည့် သဘောမျိုး မဟုတ်။

ဝင်ငွေနည်းသူများကိုသာ ကူညီပေးသည့် လူမှုဖူလုံရေးအစီအစဉ်များနှင့် မတူဘဲ၊ Universal Basic Income (UBI) သည် မတူညီသောမိသားစုများကြားတွင်သာမက ၎င်းတို့အတွင်း၌လည်း ချမ်းသာသူနှင့် ဆင်းရဲသူကြား ကွာဟချက်ကို လျှော့ချပေးမည်ဖြစ်သည်။ ချမ်းသာသောအိမ်ထောင်စုရှိ တစ်စုံတစ်ဦးပင်လျှင် အခြားသူများကို ငွေကြေးအားကိုးရန် အဆင်မပြေဖြစ်နိုင်သည်။ UBI သည် လူတိုင်းအား ပိုမိုလွတ်လပ်စေမည်မှာ မလွဲဧကန်ပင်။

လူ့အဖွဲ့အစည်းသည် အချို့သော မိသားစုအမျိုးအစားများကို ဦးစားပေးသော အိမ်ထောင်ရေးဥပဒေများနှင့် ဇီဝစံနှုန်းများကဲ့သို့ စည်းမျဉ်းများနှင့် ဓလေ့ထုံးတမ်းများမှတစ်ဆင့် မိသားစုယူနစ်အပေါ် သစ္စာစောင့်သိမှုကို မြှင့်တင်ပေးပါသည်။ Universal Basic Income (UBI) သည် လူများအား မိသားစုအတွင်း နေထိုင်လိုသည်ဖြစ်စေ အမှီအခိုကင်းစွာ နေထိုင်လိုသည်ဖြစ်စေ ရွေးချယ်ရန် ပိုမိုလွတ်လပ်စေမည်ဖြစ်သည်။ လူတစ်ဦးသည် လူ့အဖွဲ့အစည်းအတွင်းရှိ အခွင့်အလမ်းများနှင့် ၎င်း၏ အခန်းကဏ္ဍအတွက် ၎င်းတို့မွေးဖွားလာခဲ့သည့် မိသားစုအပေါ်တွင် မှီခိုနေစရာမလိုတော့ပေ။

အလိုတူသော အခြေခံ အများသုံးဝင်ငွေ သဘောတရားသည် စံပြဖြေရှင်းချက်ဖြစ်

လက်ရှိ Universal Basic Income (UBI) အစီအစဉ်များတွင် အကြီးမားဆုံးပြဿနာမှာ ၎င်းတို့သည် အခွန်ထမ်းငွေကို အားကိုးသောကြောင့် လူများကို ၎င်းတို့အား ရန်ပုံငွေပေးရန် အတင်းအကြပ် ခိုင်းစေခြင်းပင်ဖြစ်သည်။ 2014 ခုနှစ်တွင် Ryan Calhoun သည် UBI သည် ဆင်းရဲသူများကို အမှန်တကယ်ကူညီခြင်းထက် ဆင်းရဲသူများကို ထိန်းချုပ်ရန် အခြားနည်းလမ်းတစ်ခုသာဖြစ်ကြောင်း C4SS အတွက် ဆောင်းပါးတစ်ပုဒ်ရေးသားခဲ့သည်။

ခေတ်မီအစိုးရမှ ထောက်ပံ့ထားသော ပရိုဂရမ်များအားလုံးသည် အတင်းအကြပ်အခွန်ကောက်ခံခြင်းအပေါ် အားကိုးသော်လည်း ဆန္ဒအလျောက် ထောက်ပံ့ထားသော Universal Basic Income (UBI) သည် ပိုမိုကောင်းမွန်သော ရွေးချယ်မှုတစ်ခုဖြစ်သည်။ စိန်ခေါ်မှုမှာ ထိုသို့သောစနစ်အပေါ် ယုံကြည်မှုကို စီမံခန့်ခွဲရန်နှင့် တည်ဆောက်ရန် ယုံကြည်စိတ်ချရသော နည်းလမ်းများကို ရှာဖွေခြင်းဖြစ်သည်။ အဆိုပါပြဿနာအား ဖြေရှင်းပြီးလျှင်ပင် လူတို့အား အမှန်တကယ် ပံ့ပိုးကူညီရန် ဆွဲဆောင်ဖို့မှာ အလှမ်းဝေးလှပါသေးသည်။

နိဂုံးချုပ် မှတ်ချက်များ

Universal Basic Income (UBI) သည် လက်ဝဲယိမ်းတွေးခေါ်သူများကြားတွင်သာမက လက်ယာဘက်တွင်ပါ ပိုမိုရေပန်းစားလာပါသည်။ စာရေးဆရာ၏မိတ်ဆွေတစ်ဦးက UBI အတွက် လက်ဝဲလစ်ဘာတေးရီးယန်းအထိုင်ကို တင်ပြသည့် Philippe van Parijs ၏ “လူတိုင်းအတွက် လွတ်လပ်မှု” ကိုဖတ်ရန် အကြံပြုခဲ့သည်။ ထိုစာအုပ်ကို မဖတ်ဖူးသည့်အချိန်အထိ UBI အပေါ် သူမယုံကြည်ကြောင်း သူငယ်ချင်းက ပြောသော်လည်း ၎င်းအားဖတ်ပြီးနောက် ယုံကြည်သွားခဲ့သည်၊ စာရေးသူမှာမူ မဖတ်ဖူးသေးပါ။

Universal Basic Income (UBI) ၏ ဖြစ်နိုင်ခြေရှိသော အကျိုးသက်ရောက်မှုများနှင့် ၎င်းနောက်ကွယ်ရှိ အယူအဆများကို ဆက်လက်ကြည့်ရှုရန် လိုအပ်ပါသည်။ ထို့ထက် ပိုအရေးကြီးသည်မှာ UBI သည် ကျွန်ုပ်တို့၏ လွတ်လပ်မှုကို နားလည်မှုတွင် မည်ကဲ့သို့ အံဝင်ခွင်ကျဖြစ်မည်ကို ဆန်းစစ်သင့်သည်။ လွတ်လပ်မှုတွင် UBI နှင့် ဆန့်ကျင်မည့် ပုံသေ မပြောင်းလဲသော အဓိပ္ပါယ်ရှိပါသလား? သို့မဟုတ် UBI သည် လူ့အဖွဲ့အစည်းကို ပြန်လည်ပုံဖော်ရန် အလားအလာကြောင့် လူများစွာကြောက်ရွံ့သော လွတ်လပ်မှု၏ အရေးကြီးသော ကဏ္ဍများကို မီးမောင်းထိုးပြပါသလား? ဒုတိယအမြင်သည် ပိုမို ယထာဘူတကျသည်ဟု သုံးသပ်မိပါသည်။

C4SS relies entirely on donations. If you want to see more translations like this, please consider supporting us. Click here to see how

The Center for a Stateless Society (www.c4ss.org) is a media center working to build awareness of the market anarchist alternative


Source: https://c4ss.org/content/60590


Before It’s News® is a community of individuals who report on what’s going on around them, from all around the world.

Anyone can join.
Anyone can contribute.
Anyone can become informed about their world.

"United We Stand" Click Here To Create Your Personal Citizen Journalist Account Today, Be Sure To Invite Your Friends.

Before It’s News® is a community of individuals who report on what’s going on around them, from all around the world. Anyone can join. Anyone can contribute. Anyone can become informed about their world. "United We Stand" Click Here To Create Your Personal Citizen Journalist Account Today, Be Sure To Invite Your Friends.


LION'S MANE PRODUCT


Try Our Lion’s Mane WHOLE MIND Nootropic Blend 60 Capsules


Mushrooms are having a moment. One fabulous fungus in particular, lion’s mane, may help improve memory, depression and anxiety symptoms. They are also an excellent source of nutrients that show promise as a therapy for dementia, and other neurodegenerative diseases. If you’re living with anxiety or depression, you may be curious about all the therapy options out there — including the natural ones.Our Lion’s Mane WHOLE MIND Nootropic Blend has been formulated to utilize the potency of Lion’s mane but also include the benefits of four other Highly Beneficial Mushrooms. Synergistically, they work together to Build your health through improving cognitive function and immunity regardless of your age. Our Nootropic not only improves your Cognitive Function and Activates your Immune System, but it benefits growth of Essential Gut Flora, further enhancing your Vitality.



Our Formula includes: Lion’s Mane Mushrooms which Increase Brain Power through nerve growth, lessen anxiety, reduce depression, and improve concentration. Its an excellent adaptogen, promotes sleep and improves immunity. Shiitake Mushrooms which Fight cancer cells and infectious disease, boost the immune system, promotes brain function, and serves as a source of B vitamins. Maitake Mushrooms which regulate blood sugar levels of diabetics, reduce hypertension and boosts the immune system. Reishi Mushrooms which Fight inflammation, liver disease, fatigue, tumor growth and cancer. They Improve skin disorders and soothes digestive problems, stomach ulcers and leaky gut syndrome. Chaga Mushrooms which have anti-aging effects, boost immune function, improve stamina and athletic performance, even act as a natural aphrodisiac, fighting diabetes and improving liver function. Try Our Lion’s Mane WHOLE MIND Nootropic Blend 60 Capsules Today. Be 100% Satisfied or Receive a Full Money Back Guarantee. Order Yours Today by Following This Link.


Report abuse

Comments

Your Comments
Question   Razz  Sad   Evil  Exclaim  Smile  Redface  Biggrin  Surprised  Eek   Confused   Cool  LOL   Mad   Twisted  Rolleyes   Wink  Idea  Arrow  Neutral  Cry   Mr. Green

MOST RECENT
Load more ...

SignUp

Login

Newsletter

Email this story
Email this story

If you really want to ban this commenter, please write down the reason:

If you really want to disable all recommended stories, click on OK button. After that, you will be redirect to your options page.