မင်းမဲ့ဝါဒီတို့အတွက် သုံးသပ်စရာ အများသုံးအခြေခံဝင်ငွေအယူအဆ
By Logan Marie Glitterbomb. Original article: An Anarchist Case for UBI, April 25, 2019. Translated into Burmese by Hein Htet Kyaw.
Andrew Yang နှင့် သူ၏ထောက်ခံသူများ၏ ကျေးဇူးကြောင့် Universal Basic Income (UBI) သည် ဤရွေးကောက်ပွဲတွင် ကြီးမားသောပြောစရာအချက်တစ်ခု ဖြစ်လာခဲ့သည်။ သူ၏ မဲဆွယ်စည်းရုံးမှု စတင်စကတည်းကပင် အခြားကိုယ်စားလှယ်လောင်းများအား UBI နှင့်ပတ်သတ်သော ၎င်းတို့၏ရပ်တည်ချက်နှင့်ပတ်သက်၍ မေးမြန်းခဲ့ပြီး ၎င်းတို့မှ အများအပြားသည် စိတ်အားထက်သန်မှု နည်းပါးသော်လည်း ထောက်ခံမှုအဆင့်အချို့ကို ယခုအခါ ပြသလျက်ရှိသည်။ ကံမကောင်းစွာပင် Bernie Sanders ကဲ့သို့သော နိုင်ငံရေးသမားများသည် UBI အပေါ် သံသယရှိနေဆဲဖြစ်ပြီး မြင့်မားသော အနိမ့်ဆုံးလုပ်ခလစာ သို့မဟုတ် အစိုးရအလုပ်များကို အာမခံချက်ပေးသည့်အရာများကဲ့သို့ အရာများကို တွန်းအားပေးကြသည်။ ဤအယူအဆများသည် ခေတ်မမီတော့သော စီးပွားရေးတွေးခေါ်မှုအပေါ် အားကိုးပြီး အစိုးရနှင့် စီးပွားရေးလုပ်ငန်းကြီးများကို အလွန်အကျွံထိန်းချုပ်သည့် လက်ရှိစနစ်တွင် လူများအား တွယ်ကပ်နေစေပါသည်။ အခြားတစ်ဖက်တွင်မူ UBI သည် လူများအား ငွေကြေးလွတ်လပ်ခွင့် ပိုမိုပေးခြင်း၊ အစိုးရ၏ ဝင်ရောက်စွက်ဖက်မှုကို လျှော့ချနိုင်ပြီး အနာဂတ်တွင် ပိုမိုကောင်းမွန်သော စီးပွားရေးကို ဖန်တီးနိုင်မည်ဖြစ်သည်။
UBI နှင့် ၎င်း၏ပြဿနာများအား မဆွေးနွေးမီတွင် အခြားသောရွေးချယ်စရာများအား ဦးစွာကြည့်ရှုကြပါစို့။ လုပ်ခလစာနည်းပါးခြင်းအတွက် ပုံမှန်ဖြေရှင်းနည်းတစ်ခုမှာ အနည်းဆုံးအခကြေးငွေသတ်မှတ်ခြင်းပင်ဖြစ်သည်။ တစ်နာရီလုပ်ခ ၁၅ အမေရိကန်ဒေါ်လာအတွက် တိုက်ပွဲဝင်သော လှုပ်ရှားမှုသည် အဘယ်ကြောင့် ချို့ယွင်းချက်ရှိပြီး အနိမ့်ဆုံးလုပ်ခလစာဆိုင်ရာ ဥပဒေများသည် အဘယ်ကြောင့် အဓိကပြဿနာကို အမှန်တကယ် မဖြေရှင်းနိုင်သနည်းဟု ယခင်က ရှင်းပြခဲ့ဖူးသည်။ အကောင်းဆုံးမှာ ၎င်းတို့သည် စစ်မှန်သောဖြေရှင်းချက်ထက် ရေတိုပြင်ဆင်မှုအဖြစ် လုပ်ဆောင်သည်။ ဤဥပဒေများသည် အလုပ်သမားအချို့ကို ကူညီပေးသော်လည်း စီးပွားရေးလုပ်ငန်းများက ၎င်းတို့ကို ငှားရမ်းရန် မတတ်နိုင်သောကြောင့် အလုပ်အကိုင်ရှာဖွေရန် ပိုမိုခက်ခဲစေခြင်းဖြင့် အခြားသူများကိုလည်း ထိခိုက်စေပါသည်။
ဖက်ဒရယ်အလုပ်အကိုင်အာမခံချက်သည် ပြီးပြည့်စုံသော ဖြေရှင်းနည်းတစ်ခုကဲ့သို့ ထင်ရနိုင်သည်။ အကယ်၍ အစိုးရက လူတိုင်းအတွက် အလုပ်တစ်ခုစီ ပေးမည်ဟု ကတိပေးပါက မြင့်မားသောအနိမ့်ဆုံးလုပ်ခလစာသဘောသည် မည်သူ့ကိုမျှ စျေးကွက်မှ တွန်းထုတ်မည်မဟုတ်ပါ။ အခြေခံအဆောက်အအုံများအား ဆောက်လုပ်ခြင်းမှသည် အစိမ်းရောင်စွမ်းအင်နည်းပညာ တိုးချဲ့ခြင်းကဲ့သို့သော လုပ်ဆောင်ရမည့် အလုပ်များ ဒုနှင့်ဒေးရှိသေးသည်။ သို့သော် လူတိုင်းအတွက် လုံလောက်ကာမိသော အဓိပ္ပါယ်ပါဝင်သည့် အလုပ်အကိုင်တို့အား ကျွန်ုပ်တို့ တကယ်တမ်း ဖန်တီးနိုင်မည်လား? မလိုအပ်သော အလုပ်အကိုင် များစွာရှိနေပြီဖြစ်ပြီး အပိုဆောင်းအလုပ်များကို အလိုအလျောက်စနစ်ဖြင့် အစားထိုးခြင်းတို့ကြောင့် အလုပ်အာမခံချက်သည် လက်တွေ့တွင် အကောင်အထည်ဖော်နိုင်မည်ဟု သုံးသပ်ရန်မှာ အလွန် သံသယဖြစ်ဖွယ်ရှိပါသည်။ လူတိုင်းအတွက် အလုပ်အာမခံချက် ရှိစေရန် နည်းလမ်းနှစ်ခုသာရှိသည်။ ရွေးချယ်စရာတစ်ခုမှာ ကျွန်ုပ်တို့ အမှန်တကယ် လိုအပ်သည်ထက် ပိုမိုထုတ်လုပ်ရန်ဖြစ်ပြီး ထိုနည်းလမ်းမှာ စွန့်ပစ်ပစ္စည်းများစွာကို ဖန်တီးစေမည်။ အခြားရွေးချယ်စရာမှာ ရည်ရွယ်ချက်ရှိရှိ ထုတ်လုပ်မှုကို နှေးကွေးစေခြင်းဖြင့် အလုပ်သမားများ ပိုမိုလိုအပ်လာစေခြင်းဖြစ်သည်။ သို့သော် ၎င်းသည် စက်မှုလုပ်ငန်းများအား ထိရောက်မှုနည်းပြီး လေထုညစ်ညမ်းမှုကို တိုးစေကာ သဘာဝပတ်ဝန်းကျင်ကို ဘေးဥပါဒ်ဖြစ်စေမည်ဖြစ်သည်။ ၎င်းနည်းလမ်းနှစ်ခုစလုံးသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အစီအစဉ်ကို ထောက်ခံသူများ တောင်းဆိုနေသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရည်မှန်းချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ဒီ့အပြင် အဓိပ္ပါယ်မဲ့သော လုပ်ရပ်များအား မည်သူမျှ ကြိုက်နှစ်သက်မည်မဟုတ်ပါ။
UBI (အများသုံးအခြေခံဝင်ငွေအယူအဆ) သည် လူတိုင်းအား ၎င်းတို့၏ အလုပ်အခြေအနေ မည်သို့ပင်ရှိစေကာမူ ပံ့ပိုးပေးသောကြောင့် ပိုမိုကောင်းမွန်သော ဖြေရှင်းချက်ဖြစ်သည်။ လူတစ်ဦး၏တန်ဖိုးသည် ၎င်းတို့ထုတ်လုပ်သည့်ပမာဏပေါ်တွင်မူတည်သည်ဟု မယူဆပါ။ ၎င်းသည် ကလေးများကို ပြုစုစောင့်ရှောက်ခြင်း၊ အိမ်ထောင်စုတစ်ခုကို စီမံခန့်ခွဲခြင်း သို့မဟုတ် ၎င်းတို့၏အသိုင်းအဝိုင်းတွင် စေတနာ့ဝန်ထမ်းလုပ်ခြင်းကဲ့သို့သော အခကြေးငွေမယူရသေးသော အလုပ်များကို လုပ်ဆောင်သူများကိုလည်း ကူညီပေးပါသည်။ UBI အပေါ် တစ်ချို့သောလူတို့မှာ ပြင်းပြင်းထန်ထန် ဝေဖန်ကြပြီး လူတိုင်းသဘောတူနေသည်တော့ မဟုတ်ပါ။ ဤစိုးရိမ်မှုအချို့သည် အခြားသူများထက် ပိုမိုမှန်ကန်သော်လည်း မတူညီသောရှုထောင့်ရှိသူများထံမှ ငြင်းခုံမှုများကို ကိုင်တွယ်ဖြေရှင်းပြီး ၎င်းတို့အား တရားမျှတစွာတုံ့ပြန်ရန် အစွမ်းကုန်လုပ်ဆောင်ပါမည်။
UBI (လူတိုင်းအတွက် အခြေခံဝင်ငွေအယူအဆ) သည် လက်ရှိ လူမှုဖူလုံရေးစနစ်တွင် မည်ကဲ့သို့ အံဝင်ခွင်ကျဖြစ်မည်ကို လူအများက စိုးရိမ်လျက် ရှိကြသည်။ အချို့သော ရှေးရိုးစွဲဝါဒီများက ၎င်းသည် အခြားကုန်ကျစရိတ်များကို မလျှော့ချဘဲ အစိုးရကို ပိုမိုသုံးစွဲစေမည်ဟု ထင်မြင်ကြပြီး အချို့သော လစ်ဘရယ်များက လုံလောက်သော ပံ့ပိုးမှုမပေးဘဲ လက်ရှိသက်သာချောင်ချိရေးကို အစားထိုးမည်ကို စိုးရိမ်ကြသည်။ စိုးရိမ်ပူပန်မှု နှစ်ခုစလုံးမှာ နားလည်နိုင်စရာရှိသည်။ ကျွန်ုပ်တို့သည် ရေရှည်တည်တံ့ရန် အလွန်စျေးကြီးသော စနစ်တစ်ခုကိုလည်း မလိုချင်ကြသလို လူထုအနေဖြင့် ရရှိနှင့်ပြီးသော အကူအညီများအားလည်း မဆုံးရှုံးစေလို။ သို့သော် လေးနက်သော မည်သည့် UBI အဆိုပြုချက်မဆိုသည် ဤအရာများထဲမှ တစ်ခုခုကို အမှန်တကယ် ဖြစ်စေမည်မဟုတ်ပါ။ အစီအစဉ်အများစုသည် အခွန်အသစ် (တရားမျှတသောအခွန် သို့မဟုတ် VAT ကဲ့သို့) သို့မဟုတ် စစ်အသုံးစရိတ်နှင့် လူမှုဖူလုံရေးစီမံခန့်ခွဲမှုကဲ့သို့သော နယ်ပယ်များအား ကုန်ကျစရိတ် ဖြတ်တောက်ခြင်းဖြင့် ရန်ပုံငွေထောက်ပံ့ရန် အကြံပြုကြသည်။ အဆိုပြုချက်များစွာသည် ချဉ်းကပ်မှုနှစ်ခုလုံးကို ပေါင်းစပ်ပြီး UBI ကို လက်ရှိအကျိုးခံစားခွင့်များ၏ထိပ်တွင် တန့်နေစေမည်မဟုတ်ပါပဲ အခြားရွေးချယ်စရာတစ်ခုအဖြစ် ထပ်တိုးရုံသာမက မတူညီသောနည်းဖြင့်လည်း ရည်ညွှန်းနေသည်။
UBI သည် ငှားရမ်းခ၊ အစားအသောက်တံဆိပ်ခေါင်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုအကူအညီအပါအဝင် မတူညီသောပရိုဂရမ် 70 ကျော်ပါရှိသော ကျွန်ုပ်တို့၏လက်ရှိသက်သာချောင်ချိရေးစနစ်ထက် ပိုမိုရိုးရှင်းပြီး စျေးသက်သာပါသည်။ ဤပရိုဂရမ်များတွင် တင်းကျပ်သောလိုအပ်ချက်များရှိသည်။ ဆိုလိုသည်မှာ လူများသည် ၎င်းတို့၏အကျိုးခံစားခွင့်များကို ထိန်းသိမ်းထားရန် အချို့သောဝင်ငွေကန့်သတ်ချက်များအတွင်းတွင် ရှိနေရမည်ဖြစ်သည်။ ၎င်းသည် လူတို့အား နောက်ပြန်ဆုတ်သွားစေနိုင်သည်— ၎င်းတို့သည် ငွေပိုရရန် အခွင့်အလမ်းများကို ငြင်းပယ်ခြင်း သို့မဟုတ် ၎င်းတို့၏ ရွေးချယ်မှုများကို ကန့်သတ်ထားသည့် အကန့်အသတ်များဒဏ် ခံရနိုင်သည်။ ထို့အပြင် လူမှုဖူလုံရေးအကျိုးခံစားခွင့်များသည် ကန့်သတ်ချက်များဖြင့် လာလေ့ရှိသည်။ ဥပမာအားဖြင့်၊ အစားအသောက်တံဆိပ်ခေါင်းများတွင် ဒေါ်လာ ၂၀၀ ရရှိသူတစ်ဦးသည် ၎င်းတို့အား ငွေကြေးပိုမိုတည်ငြိမ်စေမည့် လုပ်ငန်းတစ်ခုစတင်ရန် ထိုငွေကို အသုံးမပြုနိုင်ပါ။ အထူးသဖြင့် အိုးမဲ့အိမ်မဲ့များအတွက် ခက်ခဲသော အစားအသောက်တံဆိပ်ခေါင်းများဖြင့် ပူပူနွေးနွေး အစားအစာများကိုလည်း တရားဝင် မဝယ်နိုင်ပါ။ UBI သည် ဤအတားအဆီးများကို ဖယ်ရှားပြီး လူများအား ၎င်းတို့၏ဘဏ္ဍာရေးဆိုင်ရာ ဆုံးဖြတ်ချက်များဖြင့် ပိုမိုပြောင်းလွယ်ပြင်လွယ်ပေးမည်ဖြစ်သည်။
ဝင်ငွေမခွဲခြားဘဲ လူတိုင်းအား အရည်အချင်းပြည့်မီသည်ဟု ယူဆသော UBI (လူတိုင်းအတွက် အခြေခံ ဝင်ငွေသဘော) ဖြင့် လက်ရှိလူမှုဖူလုံရေးစနစ်များကို အစားထိုးခြင်းသည် လူတို့အား ငွေကြေးလွတ်လပ်ခွင့်နှင့် လိုက်လျောညီထွေဖြစ်စေမည်ဖြစ်သည်။ သို့သော်လည်း လက်ရှိတွင် အချို့သောလူများသည် UBI မှပေးစွမ်းနိုင်သည်ထက် သက်သာချောင်ချိရေးမှ ပိုမိုရရှိကြပြီး ၎င်းမှာ ပြဿနာတစ်ခုဖြစ်နိုင်သည်။ ဒါကိုဖြေရှင်းဖို့အတွက် Andrew Yang သည် လူတို့အား ရှေးရိုးစွဲလူမှုဖူလုံရေး နှင့် UBI အကြား လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးရန်အလို့ငှာ အဆိုပြုခဲ့သည်။ ဤနည်းအားဖြင့် လူမှုဖူလုံရေးနှင့် UBI သည် တစ်ခုနှင့်တစ်ခုအပေါ်တွင် ဝန်မပိစေသောလည်း အခွန်ထမ်းသူများကိုလည်း အလွန်အကျွံကုန်ကျစေမည်။ ယင်းအစား၊ တစ်ဦးချင်းစီသည် တင်းကျပ်သော လူမှုဖူလုံရေးအကျိုးခံစားခွင့်များ သို့မဟုတ် လူတိုင်းအတွက် အခြေခံ ဝင်ငွေသဘောအကြား ရွေးချယ်ခွင့် ရှိသင့်သည်။ UBI ကို ကျိုးကြောင်းဆီလျော်သော ငွေကြေးပမာဏအဆင့်တွင် သတ်မှတ်ထားပါက လူအများစုသည် ငွေသားကို နှစ်သက်ကြပြီး လူမှုဖူလုံရေးစနစ်ဟောင်းကို အချိန်ကြာလာသည်နှင့်အမျှ ကျောခိုင်းထွက်ခွာရေးကို ဦးတည်သွားမည်ဖြစ်သည်။ ပိုမိုကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးလက်လှမ်းမီမှုတို့နှင့်အတူ UBI ကို ပေါင်းထည့်ခြင်းသည် လူများကို လူတန်းစားအက်ကြောင်းများအတွင်း ပြုတ်ကျခြင်းမှ ကာကွယ်နိုင်မည်ဖြစ်သည်။
UBI ကို တွန်းအားပေးမည့်အစား အလုပ်သမားများ၏ ညှိနှိုင်းမှုစွမ်းအားကို အားကောင်းစေရန် အာရုံစိုက်သင့်သည်ဟု ဝေဖန်သူအချို့က စောဒကတက်ကြသည်။ UBI သည် လူများကို စီးပွားရေးတွင် တက်ကြွစွာပါဝင်နေမည့်အစား passive စားသုံးသူများအဖြစ် ပြောင်းလဲမည်ကို စိုးရိမ်နေကြသည်။ သို့သော် ဤအမြင်သည် အလုပ်နှင့်ပတ်သက်သော တွေးခေါ်ပုံဟောင်းများအပေါ် အခြေခံထားသည်။ အလုပ်အကိုင်သစ်များ ရှိလာမည်ဖြစ်သော်လည်း၊ ပြန်လည်လေ့ကျင့်ရေးအစီအစဉ်များသည် လက်လုပ်လက်စားအလုပ်သမားအများစု သို့မဟုတ် အခြားအလုပ်သမားအများစုကို ကုဒ်ရေးခြင်းကဲ့သို့သော နည်းပညာမြင့်နယ်ပယ်များသို့ ကူးပြောင်းရာတွင် ကူညီပေးရာတွင် အလွန်ထိရောက်မှုမရှိပါ။ အလိုအလျောက်စနစ်သည် အလွန်လျင်မြန်စွာ တိုးတက်နေသဖြင့် အလုပ်သမားပိုင်စီးပွားရေးလုပ်ငန်းများသည် ချမ်းသာသောလူအနည်းငယ်ကသာ အပြည့်အဝအလိုအလျောက်ကုမ္ပဏီများပိုင်ဆိုင်သည့်အခြေအနေဖြစ်လာနိုင်ပြီး ကျန်သူများသည် အလုပ်အကိုင် သို့မဟုတ် ဝင်ငွေမရှိဘဲ ကျန်နေပါသည်။ လုပ်ငန်းတိုင်းအနေဖြင့် အလိုအလျောက်လုပ်ဆောင်ခြင်းအား ကျင့်သုံးမည်မဟုတ်သော်ငြား အလိုအလျောက်စနစ်သည် အလုပ်သမားများစွာအား ရွှေ့ပြောင်းစေရန် ခြိမ်းခြောက်နေဆဲဖြစ်သည်။ အလျှော့အတင်းလုပ်ပိုင်ခွင့်သည် အလုပ်ရှိသေးသူများကိုသာ ကူညီပေးသော်လည်း အလုပ်လက်မဲ့အလုပ်သမားများသည် ၎င်းတို့အပါအဝင် ပိုမိုကျယ်ပြန့်သော အကာအကွယ်များရရှိရန် တွန်းအားပေးရန်အတွက် အလုပ်ရှင်များကို အားကိုးနေရဆဲဖြစ်သည်။
UBI သည် အလုပ်သမားများအား အလျှော့အတင်းလုပ်ပိုင်ခွင့်ကို မမြှင့်တင်ဟူသော အယူအဆမှာ မှားယွင်းပါသည်။ အလုပ်ပြုတ်မည်ကို ကြောက်သည့်အတွက် အလုပ်သမားတော်တော်များများသည် အလုပ်သမားသမဂ္ဂတို့အား ရှောင်ရှားကြသည်။ သို့သော် ၎င်းတို့တွင် ၎င်းတို့၏ အခြေခံလိုအပ်ချက်များကို ကာမိစေရန် UBI ရှိပါက၊ ဤကြောက်ရွံ့မှုအား ဖယ်ရှားပေးပြီး အလုပ်သမားများအား လွတ်လပ်စွာ စည်းရုံးနိုင်စေမည်ဖြစ်သည်။ ထို့အပြင်၊ သူဌေးတစ်ဦးအတွက် အလုပ်မလုပ်လိုသူများသည် သမဝါယမနှင့် မိတ်ဖက်များကဲ့သို့ အလုပ်သမားလည်ပတ်သည့် လုပ်ငန်းများကို စတင်ရန် ၎င်းတို့၏ UBI ကို ၎င်းတို့၏ လူမှုအသိုင်းအဝိုင်းရှိ အခြားသူများနှင့် ပေါင်းစည်းနိုင်သည်။ ပိုမိုအားကောင်းသော အလုပ်သမားလှုပ်ရှားမှုများနှင့် ယုံကြည်စိတ်ချရသော ငွေကြေးအခြေခံဖြင့် အလုပ်သမားများသည် ၎င်းတို့၏အလုပ်ရှင်များ၏ ကရုဏာဖြင့်နေမည့်အစား ၎င်းတို့၏စီးပွားရေးအနာဂတ်အပေါ် ပိုမိုထိန်းချုပ်နိုင်မည်ဖြစ်သည်။
UBI သည် လူတို့အား အလုပ်လုပ်ချင်စိတ် မရှိတော့အောင် လုပ်နိုင်သည်ဟု လူတချို့မှ ငြင်းခုံကြသော်လည်း ၎င်းသည် အမှန်တကယ် လက်တွေ့တွင် ထိုသို့မဟုတ်ပါ။ ၎င်းသည် ရှင်သန်ရန်အတွက်သာ အလုပ်လုပ်နေရပါသော ဖိအားများကို ရိုးရှင်းစွာ ဖယ်ရှားပေးသည်။ ထို့ကြောင့် ၎င်းသည် မကောင်းသောအရာမဟုတ်ပါ။ အဓိပ္ပါယ်မဲ့သောအလုပ်များအတွက် အချိန်ဖြုန်းမည့်အစား လူများသည် ၎င်းတို့၏ဘဝနှင့် လူမှုအသိုင်းအဝိုင်းကို တိုးတက်ကောင်းမွန်စေမည့် အဓိပ္ပါယ်ရှိသောအလုပ်အပေါ် အာရုံစိုက်နိုင်သည်။ လူသားများသည် လူတိုင်းကို အကျိုးပြုသောကြောင့် အချင်းချင်း သဘာဝအတိုင်း ကူညီကြပြီး မလိုအပ်သော အလုပ်များတွင် ပိတ်မိသူ နည်းပါးလာခြင်းကြောင့် တကယ့်ပြဿနာများကို ဖြေရှင်းရန် အချိန်ပိုရလာခြင်းဖြစ်သည်။
UBI သည် ဆန်းသစ်တီထွင်မှုကို ရပ်တန့်မည်မဟုတ်သောကြောင့် — လူများသည် ၎င်းကို အတင်းအကြပ်လုပ်ခိုင်းခြင်းကြောင့်မဟုတ်ဘဲ ၎င်းကိုနှစ်သက်သောကြောင့် နည်းပညာအသစ်များဖန်တီးခြင်းကို ရပ်တန့်မည်မဟုတ်ပါ။ open-source လှုပ်ရှားမှုသည် ငွေကြေးဖိအားမရှိသည့်တိုင် လူများက ပံ့ပိုးပေးနေဆဲဖြစ်ကြောင်း သက်သေပြနေသည်။ အသေးအဖွဲ ကုန်ပစ္စည်းများ ထုတ်လုပ်မှု နည်းပါးပြီး မရှိမဖြစ် ပစ္စည်းများ၊ ဇိမ်ခံပစ္စည်းများ နှင့် အနုပညာ ပရောဂျက်များကို ပိုမို အာရုံစိုက်လာသည်ကို ကျွန်ုပ်တို့ မြင်တွေ့နိုင်သည်။ လူတို့အနေဖြင့် သူတို့၏ အလုပ်လုပ်ပုံနှင့် သုံးစွဲမှုပုံစံတို့ကို လွတ်လပ်စွာရွေးချယ်နိုင်သည့်အခါတွင် စျေးကွက်အတွင်းရှိ တကယ့်ဝယ်လိုအားနှင့် လိုက်လျောညီထွေဖြစ်ပြီး ပိုထိရောက်စေမည်ဖြစ်သည်။ အကျပ်ကိုင်မှုနည်းသောစနစ်သည် စီးပွားရေးကို အမှန်တကယ်တိုးတက်စေပြီး လွတ်လပ်သောစျေးကွက်နှင့် လွတ်လပ်သောလူများကို ဖြစ်စေသည်။
UBI သည် လူမှုဖူလုံရေးစနစ်၏ အရွယ်အစားကို လျှော့ချပေးပြီး စစ်အသုံးစရိတ်ကဲ့သို့သော နယ်ပယ်များတွင် ကုန်ကျစရိတ်များကို လျှော့ချနိုင်ချေရှိသည်။ ၎င်းသည် အလုပ်သမားများအား အမှန်တကယ်လွတ်လပ်သောစျေးကွက်ဆီသို့ ရွေ့လျားစေပြီး စေ့စပ်ညှိနှိုင်းမှုတွင် လွတ်လပ်မှုနှင့် စွမ်းအားကို ပိုမိုရရှိစေသည်။ UBI သည့် ပြီးပြည့်စုံသော ခရီးဆုံး ပန်းတိုင် (အဖြေ) မဟုတ်သည့်တိုင် လက်တွေ့ကျပါသော ခြေလှမ်းတစ်ခုဖြစ်သည်။ မင်းမဲ့ဝါဒီတိုင်းအနေဖြင့် ၎င်းအား ထောက်ခံဖို့ ထိုက်တန်ပါသော “အကြောင်းရင်းတစ်ခု” အဖြစ် သုံးသပ်သင့်သည်။
C4SS relies entirely on donations. If you want to see more translations like this, please consider supporting us. Click here to see how
The Center for a Stateless Society (www.c4ss.org) is a media center working to build awareness of the market anarchist alternative
Source: https://c4ss.org/content/60661
Anyone can join.
Anyone can contribute.
Anyone can become informed about their world.
"United We Stand" Click Here To Create Your Personal Citizen Journalist Account Today, Be Sure To Invite Your Friends.
Before It’s News® is a community of individuals who report on what’s going on around them, from all around the world. Anyone can join. Anyone can contribute. Anyone can become informed about their world. "United We Stand" Click Here To Create Your Personal Citizen Journalist Account Today, Be Sure To Invite Your Friends.
LION'S MANE PRODUCT
Try Our Lion’s Mane WHOLE MIND Nootropic Blend 60 Capsules
Mushrooms are having a moment. One fabulous fungus in particular, lion’s mane, may help improve memory, depression and anxiety symptoms. They are also an excellent source of nutrients that show promise as a therapy for dementia, and other neurodegenerative diseases. If you’re living with anxiety or depression, you may be curious about all the therapy options out there — including the natural ones.Our Lion’s Mane WHOLE MIND Nootropic Blend has been formulated to utilize the potency of Lion’s mane but also include the benefits of four other Highly Beneficial Mushrooms. Synergistically, they work together to Build your health through improving cognitive function and immunity regardless of your age. Our Nootropic not only improves your Cognitive Function and Activates your Immune System, but it benefits growth of Essential Gut Flora, further enhancing your Vitality.
Our Formula includes: Lion’s Mane Mushrooms which Increase Brain Power through nerve growth, lessen anxiety, reduce depression, and improve concentration. Its an excellent adaptogen, promotes sleep and improves immunity. Shiitake Mushrooms which Fight cancer cells and infectious disease, boost the immune system, promotes brain function, and serves as a source of B vitamins. Maitake Mushrooms which regulate blood sugar levels of diabetics, reduce hypertension and boosts the immune system. Reishi Mushrooms which Fight inflammation, liver disease, fatigue, tumor growth and cancer. They Improve skin disorders and soothes digestive problems, stomach ulcers and leaky gut syndrome. Chaga Mushrooms which have anti-aging effects, boost immune function, improve stamina and athletic performance, even act as a natural aphrodisiac, fighting diabetes and improving liver function. Try Our Lion’s Mane WHOLE MIND Nootropic Blend 60 Capsules Today. Be 100% Satisfied or Receive a Full Money Back Guarantee. Order Yours Today by Following This Link.
